အမျိုးသမီးတို့ရဲ့အသံ၊ အမျိုးသမီးတို့ရဲ့မဲ
ပုံမှန်အားဖြင့် နိုင်ငံရေးနဲ့ အလှမ်းဝေးတဲ့ အမျိုးသမီးတွေအတွက် ထူးခြားဆန်းသစ်ပြီးထိရောက်တဲ့ စိတ်ဝင်စားဖွယ်ရာ ကမ်ပိန်းတွေကို ဖန်တီးနိုင်ဖို့ ဖော်ဆောင်လိုက်ခြင်းဖြစ်ပါတယ်။ အချို့သောမြန်မာအမျိုးသမီးတွေရဲ့ နေထိုင်ရာဒေသ၊ အခြားသော ကန့်သတ်ချက်များနဲ့ အသိပညာဗဟုသုတတို့အပေါ်မူတည်ပြီး မဲပေးရန်ဆုံးဖြတ်ရခက်နေတာတွေ၊ မဲပေးမှုဆောင်ရွက်ချက်အဆင့်ဆင့်ကို လက်လှမ်းမမှီတာတွေ၊ နိုင်ငံရေးအခြေအနေများကို မျတ်ခြေမပြတ်လိုက်လံ လေ့လာရန်အခက်အခဲတွေရှိနေတက်ပါတယ်။ အဲ့ဒါကြောင့် ဒီအမျိုးသမီးတွေရဲ့ အခက်အခဲတွေကို နည်းပညာရှင်တွေရဲ့ အထောက်အကူတွေနဲ့ ကူညီဖြေရှင်းကြဖို့ ဒို့ဖန်တီးမှ ဒီစိန်ခေါ်မှုကိုပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။