ပြိုင်ပွဲက ဘယ်မှာလုပ်မှာလဲ။
ထုတ်ကုန်ပစ္စည်းဖန်တီးသူတွေကလွဲပြီး အကုန်လုံးက အွန်လိုင်းမှာပါ။ အွန်လိုင်းကနေပဲ အဆက်အသွယ်လုပ်နေမှာဖြစ်ပြီး Slack, Email, Zoom Webinar နဲ့ Calendly တို့ကိုအသုံးပြုပြီး အွန်လိုင်းကနေ ပြိုင်ပွဲ၀င်ခြင်းကို အကောင်းဆုံးဖော်ဆောင်သွားမှာပါ။
ဒို့ဖန်တီးရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။
ဒို့ဖန်တီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ tech community ကိုကျယ်ပြန့်စေပြီး၊ ပြဿနာများဖြေရှင်းပြီး ထုတ်ကုန်များကို တွင်ကျယ်အောင်လုပ်ဆောင်ပေးမယ့်သူများနှင့်အတူ နည်းပညာဆိုင်ရာ ဆန်းသစ်တဲ့တီထွင်မှုတွေပြုလုပ်သွားဖို့ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရပြီးထွက်လာတဲ့ Product ရဲ့ IP ကိုဘယ်သူပိုင်မှာလဲ။
Covid - 19 နဲ့ပါတ်သတ်ပြီး ဆောင်ရွက်ခဲ့တဲ့ Product တွေရဲ့ IP ကအများပိုင်ဖြစ်မှာပါ။ အနိုင်ရရှိသွားတဲ့အဖွဲ့ကို credit ပေးသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာပါ၀င်ဖို့အတွက် တိကျတဲ့လိုအပ်ချက်တစ်ခုခုရှိလား။
အဲ့လိုမရှိပါဘူး။ ဒို့ဖန်တီး ပလက်ဖောင်းပေါ်က ပြိုင်ပွဲတွေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သိပြီး သက်ဆိုင်တဲ့ အရည်အချင်းရှိရင် စာရင်းပေးလို့ရပါတယ်။
ပြိုင်ပွဲအတွင်းဘယ်ဘာသာစကားကို အဓိကအသုံးပြုမှာလဲ။
ဗမာဘာသာစကားကို အဓိကအသုံးပြုမှာပါ။
ပြိုင်ပွဲမှာ ဆုပေးမှာလား။
COVID - 19 အတွက်လုပ်ဆောင်တဲ့ပြိုင်ပွဲတွေအတွက်တော့ ဆုကြေးငွေပေးတာမရှိပါဘူး။ သင်လုပ်ဆောင်ထားတဲ့ product အနိုင်ရသွားရင် AWS 1000$ Credit ရရှိမယ့်အပြင် အများပြည်သူအသုံးပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်မျှ၀ေသွားမှာပါ။
ဒို့ဖန်တီးနဲ့ ပြိုင်ပွဲတွေနဲ့က ဘာကွာတာလဲ။
ဒို့ဖန်တီးက ပြိုင်ပွဲတွေနဲ့ ပါ၀င်ယှဥ်ပြိုင်တဲ့ အရည်အချင်းရှိသူတွေကို ချိတ်ဆက်ပေးတဲ့နေရာပါ။
ပြိုင်ပွဲတွေကို လူအများစုကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကဏ္ဠပေါင်းစုံက အဖွဲအစည်းအမျိုးမျိုးကနေ ဖန်တီးထားတာပါ။
ပြိုင်ပွဲတွေကို လူအများစုကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကဏ္ဠပေါင်းစုံက အဖွဲအစည်းအမျိုးမျိုးကနေ ဖန်တီးထားတာပါ။
ပြိုင်ပွဲကို ဘယ်နေရာကဖြစ်ဖြစ်ပါ၀င်လို့ရလား။
ရပါတယ်။ ၁၀၀ ရာခိုင်နှုန်း အွန်လိုင်းဖြစ်မှာဖြစ်တဲ့အတွက် ဒို့ဖန်တီးက ပြိုင်ပွဲတွေကို ယှဥ်ပြိုင်ဖို့ ဘယ်နေရာကဖြစ်ဖြစ်ပါလို့ရပါတယ်။
ပြိုင်ပွဲက ဘယ်တော့စမှာလဲ။
ပြိုင်ပွဲ၀င်ပြိုင်ဖို့ ဘာလုပ်ရမလဲ။
ပြိုင်ပွဲ၀င်ဖို့အတွက် အရင်ဆုံး ဒို့ဖန်တီးမှာစာရင်းသွင်းဖောင်ဖြည့်ရမယ်၊ ပြီးရင် ကိုယ်ပြိုင်ချင်တဲ့ ပြိုင်ပွဲကိုရွေးပြီး ၂ ပါတ်ကနေ ၄ ပါတ်လောက် အလုပ်လုပ်ဖို့ Laptop နဲ့ Wifi ကောင်းကောင်းရှိရင်ရပြီ။
ဒို့ဖန်တီးမှာ စာရင်းသွင်းဖို့အတွက် ပိုက်ဆံပေးစရာလိုလား။
ဒို့ဖန်တီးမှာ စာရင်းသွင်းတာကတော့ ထာ၀ရအခမဲ့ပါ။
ဒို့ဖန်တီးမှာတင်ထားတဲ့ ပြိုင်ပွဲအကြောင်းအရာနဲ့သက်ဆိုင်တဲ့ product ကိုလုပ်နေပြီးသားဆိုရင် ဘယ်လိုလုပ်မလဲ။
သင်လုပ်ကိုင်နေတဲ့ ပရောဂျက်နဲ့ပါတ်သတ်ပြီး ဖောင်ဖြည့်ဖို့ ပို့ပေးလိုက်ပါမယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးရက်မတိုင်ခင် ကြိုက်တဲ့အချိန် သင့်ရဲ့ product ကိုပေးပို့နိုင်ပါတယ်။
ပြိုင်ပွဲမှာ product အကြမ်းပါ ဆောက်ပေးရမှာလား။
ဟုတ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲ၀င်တွေက product အကြမ်း၊ လုပ်ငန်းစဥ် နဲ့ (သို့) အကောင်အထည်ဖော်ရန်အသင့်ဖြစ်နေသော ထုတ်ကုန်များကို ပေးပို့ရန်လိုအပ်ပါတယ်။
ပြိုင်ပွဲ၀င်ဖို့အတွက် အဖွဲရှိမှရမှာလား။
မဟုတ်ပါဘူး။ တစ်ယောက်တည်း၀င်ပြိုင်နိုင်ပြီး သင်ပြိင်ချင်တဲ့ပြိုင်ပွဲမှာလုပ်နေတဲ့ အခြားအဖွဲထဲ၀င်လို့ရပါတယ်။ ပြိုင်ပွဲတစ်ခုလုံးကို တစ်ယောက်တည်းပဲပြိုင်ပြီး တစ်ယောက်တည်းအကုန်လုပ်မယ်ဆိုလည်းရပါတယ်။ သင့်သဘောပါပဲ။
တစ်ယောက်တည်းဆိုရင် အခြားအသင်းကိုဘယ်လိုသွားပါရမလဲ။
ပြိုင်ပွဲရဲ့ပထမနေ့မှာ အခြားအသင်းတွေမှာပါ၀င်ပြီး အလုပ်အတူလုပ်နိုင်အောင် စီစဥ်ပေးပါမယ်။
သိချင်တာတွေရှိသေးတယ်၊ ဘယ်လိုမေးရမလဲ။
phyoye@phandeeyar.org ကိုအီးမေးလ်ပို့ပြီး (သို့) ဖန်တီးရာ Facebook Page ကနေမေးလို့ရပါတယ်။
ပြိင်ပွဲ၀င်တွေလိုက်နာသင့်တဲ့စည်းမျဥ်းရှိလား။
ရှိပါတယ်။ ပြိုင်ပွဲစဥ်းမျဥ်းတွေက အရေးကြီးတဲ့အတွက် သေချာဖတ်ပေးပါ။