အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ လုပ်ငန်းပြန်လည်နလန်ထူနိုင်အောင် လွယ်ကူစွာ အသုံးချနိုင်သော ဒီဂျစ်တယ်ကိရိယာ၊ နည်းလမ်းများ ပံ့ပိုးပေးခြင်း
COVID-19 ရဲ့စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း လုပ်ငန်းရှင်များနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ အသစ်ဖြစ်နေတဲ့ အခြေအနေကို လက်ခံပြီး လုပ်ငန်းပြန်လည်လယ်ပတ်နိုင်ဖို့လိုအပ်ပါတယ်။ ဒီဂျစ်တယ်လမ်းကြောင်းကို ချဲ့ထွင်ဖို့နဲ့ ရှိရင်းစွဲလုပ်ငန်းဆောင်တာတွေကို အရှိန်အဟုန်မြှင့်ဖို့အတွက် လွယ်လွယ်ကူကူအသုံးပြုနိုင်ပြီး သက်သာတဲ့ ကိရိယာတွေ နည်းလမ်းတွေကို ရှာဖွေနေကြတာပါ။
အလေးထားဆောင်ရွက်မည့်အပိုင်းများ
- O2O (offline / online mix)
- ဒီဂျစ်တယ်တွင်အသုံးပြုနိုင်သော လမ်းကြောင်းများ
- လုပ်ငန်းဆောင်တာများအား အရည်အသွေးမြှင့်တင်ခြင်း (operations, ၀န်ဆောင်မှု)
- လွယ်ကူစွာ အသုံးချနိုင်သော ဒီဂျစ်တယ်ကိရိယာ (ဥပမာ - အော်ဒါကြိုမှာခြင်းအတွက်၊ အချိန်ဇယားကို စီမံခန့်ခွဲခြင်းအတွက်၊ သို့ ယုံကြည်မှု၊ လုံခြုံရေးကို တိုးမြှင့်ခြင်းအတွက်)
စိန်ခေါ်မှု၏ လှုပ်ရှားမှု
အနိုင်ရပြိုင်ပွဲအဖွဲ့ဝင် : Determination အဖွဲ့
ထုတ်ကုန် : MyanDigital - လုပ်ငန်းငယ်များ အွန်လိုင်း၊ ဒီဂျစ်တယ်သို့ကူးပြောင်းရာတွင် ကိုယ်တိုင်လေ့လာနိုင်သော၊ တိုင်ပင်နိုင်သော ပလက်ဖောင်းတစ်ခု ထုတ်ကုန် နမူနာ : https://www.facebook.com/myandigital.mm |